ကိုကိုးကျွန်း ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် စားသောက်ရေးအဆင်ပြေရန်အတွက် တပ်မတော်လေမှ ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် ခရီးသည် (၃၇)ဦးနှင့်ကုန်တန်ချိန် (၂၆၄)Kg တင်ဆောင်ကာရန်ကုန်လေဆိပ်မှထွက်ခွာ လာရာကိုကိုးကျွန်း လေဆိပ်သို့(၉)နာရီ အချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
လေယာဉ်ဆိုက်ရောက်ချိန်၌ ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရန်နှင့်ကိုကိုးကျွန်း မြို့နယ်အတွင်း သို့ဝင်ရောက်လာသော ခရီးသည်(၃၇)ဦး အားကိုကိုးကျွန်းမြို့နယ်မြို့နယ် ပြည်သူဆေးရုံမှ ဆရာဝန်ကြီးနှင့် ကျန်မာရေးဝန်ထမ်းများ ကိုဗစ်ကော်မတီများမှ ကိုဗစ်ရောဂါ စစ်ဆေးပေးခြင်းပစ္စည်းများကို ဆေးဖြန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၁၂နာရီအချိန်တွင် ခရီးသည် (၅၃)ဦးနှင့် ကုန်တန်ချိန် ၁၃၀၀Kg တင်ဆောင်ကာ ကိုကိုးကျွန်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် ထိုသို့ ပြေးဆွဲရခြင်းမှာ ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရရန်အတွက် ပြေးဆွဲပေးခြင်းဖြစ်ပြီး အပတ်စဉ်(၁)လ နှစ်ခေါက်နှုန်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)