ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Phase 15) (ဒုတိယအကြိမ်) ပြည်သူ (၄၅၀) ဦးအားထိုးနှံ

ချောင်းဆုံ ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့က ထပ်ဆောင်း (Phase 15) (ဒုတိယအကြိမ်) အကြိမ်ထိုးနှံပေးခြင်းကို ကျွန်းသာယာခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Phase 15) (ဒုတိယအကြိမ်)အဖြစ် မှီခို  ၉ ဦး ၊ ထပ်ဆောင်း Booster အဖြစ် ၄၄၁ ဦးအားလည်းကောင်း၊ စုစုပေါင်း လူပုဂ္ဂိုလ် ၄၅၀ ဦးအား ထိုးနှံပေးခဲ့ကြောင်းနှင့် (၆)လတစ်ကြိမ် ပြည့်ပြီးသူတိုင်း နှံပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)