တိုက်ကြီးမြို့နယ်တွင်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တိုက်ကြီး ဖေဖော်ဝါရီ  ၁၈

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး ၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင် ရွက် ခဲ့ကြောင်းသိရသည်။

ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် တော်ခရမ်းကျေးရွာအုပ်စု တော်ခရမ်းကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဦးစိုးဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး နှင့်အဖွဲ့ဝင်များဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းသည် ကျေးရွာနေပြည်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပညာရေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ  ဆွေးနွေးပြောကြားပြီး လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောသည်။ထို့နောက်  ကျေးရွာနေပြည်သူများက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကိုဆွေးနွေးတင်ပြရာ  တာဝန်ရှိသူများက  ပြန်လည်ဖြေကြား ဆွေးနွေးကြောင်း သိရသည်။

 စန်းကလျာခိုင် (ပြန် / ဆက်)