လှည်းကူး ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသော စာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ် သမဝါယမဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းအားဖြင့် စာဖတ်ပတ်ရိတ်သတ် ပိုမိုတိုးတက်လာခြင်း၊ အသင်းဝင်ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ်အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေခြင်း၊စသည့်စာပေဖတ်ရှုလေ့လာခြင်းဖြင့်အတွေးအခေါ်ပိုမိုကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့ အပတ်စဉ် အလှည့်ကျ စာအုပ်/ စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ ဆက်)