မြို့သစ် ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ခုနှစ် မတ်လ ၈ ရက်နေ့၌ စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၈၅၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၃ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့သစ်မြို့နယ်အတွင်း စာစစ်ဌာနနှစ်ခုဖြစ်သည့် အထက(၁)-မြို့သစ်နှင့်အထက-ဝါးကြီးအိုင်တို့တွင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အတွဲ(၁)တွင်ကျား(၁၈၈)ဦး၊ မ(၂၄၈)ဦး၊ အတွဲ(၂)တွင် ကျား(၅၈)ဦး၊ မ(၈၉)ဦး၊ အတွဲ(၇)တွင် ကျား(၁၁၁)ဦး၊ မ(၁၆၃)ဦး စုစုပေါင်း ကျား (၃၅၇)ဦးနှင့် မ(၅၀၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးကြည်ဝင်းထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)