သတင်းများ

မန်းရွှေစက်တော်ဘုရားကြီးတွင် ဘုရားပွဲတော်ကာလ ဘုရားဖူးလာရောက်သူဦးရေ နေ့စဉ် ၁၀၀၀ ခန့်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူများပြား
Feb 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက် (၂၅-၁-၂၀၂၃ ရက်)နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူဦးရေ နေ့စဉ် ၁၀၀၀ ခန့်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးအများအပြား လာရောက်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
မေတ္တာမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Feb 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှုလျော့နည်းလာစေရန်နှင့် မီးလောင်ကျွမ်းမှုတစ်စုံတစ်ခုဖြစ်ပေါ်ပါက ချက်ချင်းသိရှိဆက်သွယ်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဌာနဆို်ငရာများပူးပေါင်း၍ အများပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 21,2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်ရန်အတွက် ကြိုတင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပေါက်တောမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ လုံခြုံရေးဆိုင်ရာအန္တရာယ်ကျ ရောက်နိုင်ခြေဆန်းစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် လာရောက်မည့်ခရီးစဉ်နှင့်ပတ်သက်၍ဆွေးနွေး
Feb 21,2023
မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်(နေပြည်တော်)၊ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများစီမံခန့်ခွဲမှုယူနစ်မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပေါက်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး ကြောင်းသိရသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် "ကလေးတွေကျောင်းမှာအောင်မြင်ဖို့နည်းလမ်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Feb 21,2023
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများရှိလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်း​ဆွေး​နွေးပွဲများကို​ ကျောင်းသား၊ကျောင်းသူများနှင့် ကျင်းပလျက်ရှိပြီး ယနေ့မွန်းလွဲပိုင်းတွင် "က​လေး​တွေ​ကျောင်းမှာ​အောင်မြင်ဖို့နည်းလမ်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဝမ်းစာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြိတ်မြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များနှင့် တောင်သူများအားတွေ့ဆုံ
Feb 21,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များနှင့် တောင်သူများအား တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် Federation Of (MLCA)၏ စတုတ္ထအကြိမ် သင်းလုံးကျွတ်အထွေထွေ အစည်းအဝေးကျင်းပ
Feb 21,2023
မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် Federation Of (MLCA)၏ စတုတ္ထအကြိမ် သင်းလုံးကျွတ် အထွေထွေအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများနှင့်တွေ့ဆုံ၍ အာဟာရဖြည့်အစားအစာများ ပေးအပ်
Feb 21,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အာဟာရဖြည့် အစားအစာများပေးအပ်ခဲ့ပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မြို့နယ်ပြည်သူ့ဆေးရုံအတွက် လိုအပ်သည်များသုံးစွဲနိုင်ရန် ထောက်ပံ့ငွေများပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက လက်ခံရယူခဲ့သည်။