မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် Federation Of (MLCA)၏ စတုတ္ထအကြိမ် သင်းလုံးကျွတ်အထွေထွေ အစည်းအဝေးကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် Federation Of (MLCA)၏ စတုတ္ထအကြိမ် သင်းလုံးကျွတ် အထွေထွေအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဂျက်စောကော့ထူး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်နာယက ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီဝင် ဦးဇော်ဝင်းနှင့် နာယကများ​ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ဗဟိုအမှုဆောင်​ကော်မတီဝင်များ အသင်းဝင်များဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်၍​ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က အသီးသီးအမှာစကား ပြောကြားကြသည်။ ထို့နောက် သင်းလုံးကျွတ် အထွေထွေအစည်းအဝေးသို့ တင်သွင်းသည့် ဗဟိုအမှုဆောင်ကော်မတီ၏ အစီရင်ခံစာကို အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်ကိုကိုက ဖတ်ကြားတင်ပြပြီး MLCA အသင်းချုပ်၏ ငွေစာရင်းရှင်တမ်းအား တွဲဖက်ဘဏ္ဍာရေးမှုး ဦးခင်မောင်လတ်က ဖတ်ကြားတင်ပြသည်။

ထို့နောက် စတုတ္ထအကြိမ်သင်းလုံကျွတ် အထွေထွေအစည်းအဝေး ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီကြသည့် ကုမ္ပဏီများအား အသင်းချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ပြီး အခမ်းအနားသို့တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)