သတင်းများ

မိုးညှင်းမြို့၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD သင်တန်းဆင်းပွဲကျင်းပ
Feb 22,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လိပ်သိုမြို့၌ (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေဝါသနာရှင် ကလေးငယ်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Feb 22,2023
ကလေးငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့်စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့  မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌  ထိန်းသိမ်းဖွယ်ရာ ကျေးလက်တေးကဗျာ အသိပညာပေး Talk Show ဆောင်ရွက်
Feb 22,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ထိန်းသိမ်းဖွယ်ရာ ကျေးလက်တေးကဗျာ အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ (၂၀) ရက်၊ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဂွမြို့၊ မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့နယ်မြေ၊ တောင်တက်ကွန်ကရစ်လမ်းနှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးရေစက်ချမင်္ဂလာ အခမ်းအနား တက်ရောက်
Feb 22,2023
ရခိုင်ပြည်နယ်၊ ဂွမြို့၊မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့နယ်မြေ၊ တောင်တက်ကွန်ကရစ်လမ်းနှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက အဆိုပါစေတီတော် ပုရဝုဏ်အတွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး မဟာ သုန္ဒရာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ဒဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ သာသနာ့ဓဇအစိုးရဓမ္မာစရိယ၊ ဘဒ္ဒန္တအာဝုဓ အမှူးပြုသော ဆရာတော် အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အလှူရှင်များနှင့် မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပလတ်စတစ်ညစ်ညမ်းမှု အသိပညာပေးTalk Show ဆောင်ရွက်
Feb 22,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်လွဲ(၂)နာရီ အချိန်က ပလတ်စတစ်ညစ်ညမ်းမှု အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့ ပူးပေါင်း၍  လူငယ်စကားဝိုင်း ကျင်းပ
Feb 22,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁၃ နာရီက ပြင်ဦးလွင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် မြို့ပတ်လမ်းဆုံရှိ  အစိုးရစက်မှု လက်မှုသိပ္ပံ (ပြင်ဦးလွင်) ခန်းမဆောင်၌ ကျင်းပရာ ကျောင်းအုပ်ကြီး ဒေါက်တာ ဝင်းထိုက်အောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
ကျိုင်းတောင်းမြို့၌ အငြိမ်းစားပင်စင်လစာငွေများ စနစ်တကျထုတ်ပေး
Feb 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစားပင်စင်ဝန်ထမ်းများမှ အေးချမ်းစွာလာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်းနှင့် အသစ်လဲလှယ်ခြင်းများ‌ဆောင်ရွက်
Feb 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယမန်နေ့ညနေ ၃ နာရီခွဲ အချိန်က မြို့နယ်ပညာရေးရုံးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။