သတင်းများ

ထားဝယ်မြို့တွင် အနာဂတ်ရဲ့ဒိုင်ယာရီခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကျင်းပ
Jul 27,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် စာပေဟောပြောပွဲ ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
ကျိုင်းတုံမြို့၌ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
Jul 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျိုင်းလိတ်မြို့သစ်၊ နောင်ခမ်းမီးပွိုင်လမ်းရှိ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယမန်နေ့က လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆော့ဖ်ဝဲလ်နည်းပညာဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ Database ရေးသွင်းခြင်းလုပ်ငန်း အိမ်ထောင်စု ၂၀၃၃ စု ဖြည့်သွင်းဆောင်ရွက်ပြီးဖြစ်
Jul 27,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်‌စေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Database ရေးသွင်းခြင်းလုပ်ငန်းကို
တောင်သာမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ  VRFP ကျေးရွာ မတည်ရန်ပုံငွေ  စီမံကိန်းချေးငွေထုတ်ချေးမှုအား ကွင်းဆင်းကြီးကြပ်
Jul 27,2022
တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VRFP ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများအား ကျေးရွာကော်မတီဝင်များမှ ထုတ်ချေးနေမှုအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်လင်းလင်းနွယ်နှင့် ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီ အချိန်က သာယာမြိုင်၊ အိုးတောင်၊ ခါးတက်ကုန်းကျေးရွာများသို့ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး
Jul 27,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင် ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက် ငှားရမ်းပေးကြသည်။
သိန္နီမြို့နယ်တွင် ပိန်းပန်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jul 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ဟိုနားကျေးရွာတွင် ပိန်းပန်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ အောင်မြေသုခစက္ခုပါလ မျက်စိအထူးကုဆေးခန်းဖွင့်ပွဲကျင်းပ
Jul 27,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အောင်မြေသုကျောင်း တိုက်အတွင်း၌ အများပြည်သူလှူဒါန်းမှုဖြင့် ဆောက်လုပ်ထားရှိသော အောင်မြေသုခ စက္ခုပါလ မျက်စိအထူးကုဆေးခန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါမျက်စိဆေးခန်း ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းလုံမြို့၌ နဝမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ နဝမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကွမ်းလုံမြို့ သာသနာ့ အလင်းရောင် (တံတားဦး) ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။