သတင်းများ

နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Feb 21,2023
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်
Feb 21,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား (၂/၂၀၂၃)လအတွက် ပင်စင်လစာငွေပုံမှန် ထုတ်ပေး
Feb 21,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ပင်စင်လစာ ငွေများကို ဖေဖော်ဝါရီလ၂၁ရက် နံနက် ၉ နာရီမှ နေ့လည် ၂ နာရီ အထိ ပုံမှန်ထုတ်ပေးခဲ့ရာ ယနေ့တစ်နေ့တာတွင် ပင်စင်စား(၈၂)ဦးအတွက် ပင်စင်လစာ ငွေကျပ် (၁၂၄၂၉၅၀၉/၂၈) ကို ထုတ်ပေးနိုင်ခဲ့ပြီး၊ ယခုလအတွင်း ပင်စင်ထုတ်ယူခွင့်ရှိသူ အငြိမ်းစား ဝန်ထမ်းဦးရေ (၄၅၆)ဦး တိတိရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်မှ သိရသည်။
ရွှေသောင်ယံမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် လေ့လာရမည့် သင်ခန်းစာများအား တာဝန်ရှိသူများထံပေးအပ်
Feb 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် အတွင်းဖြေ၊ အပြင်ဖြေကျောင်းသား၊ ကျောင်းသူ များအတွက် မြန်မာ့အလင်း သတင်းစာပါ ဘာသာရပ်အလိုက်လေ့လာရမည့် သင်ခန်း စာများကို မြို့အုပ်ချုပ်ရေးမှူးမှ ယနေ့ နံနက်ပိုင်းက စာသင်ကျောင်းများသို့ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင် တက္ကသိုလ်၌ လှယဉ်ကျေးမယ်နှင့် ရိုးရာဝတ်စုံဖက်ရှင်ပြိုင်ပွဲ အခမ်းအနားပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
Feb 21,2023
မွန်ပြည်နယ်တွင်​ မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းမှ ကြီးမှူးကျင်းပသော လှယဉ်ကျေးမယ်နှင့် ရိုးရာဝတ်စုံဖက်ရှင်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
မြဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်အငြိမ်းစားများ၏ ပင်စင်လစာများအား လစဉ်ပုံမှန်ထုတ်ပေး
Feb 21,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းမှ ဆေးဘက်ဝင်ပရဆေးသီးနှံများအား တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးကြိုးပမ်းဆောင်ရွက်
Feb 21,2023
ကရင်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှထွက်ရှိသော ဆေးဘက်ဝင် ပရဆေးသီးနှံများအား ခေတ်မီစက်ကိရိယာ၊ နည်းပညာများဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ စက်မှုဇုန်အနီးရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးနည်းပညာဥယျာဉ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၂)ခု၌ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ(၃၀၅)ဦးရှိ
Feb 21,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ သက်ဆိုင်ရာစာစစ်ဋ္ဌာန အသီးသီး၌ ထုတ်ပေးလျက်ရှိရာ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ (၃၀၅)ဦးရှိကြောင်း သိရသည်။