မိုင်းဆတ် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အာဟာရဖြည့် အစားအစာများပေးအပ်ခဲ့ပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မြို့နယ်ပြည်သူ့ဆေးရုံအတွက် လိုအပ်သည်များသုံးစွဲနိုင်ရန် ထောက်ပံ့ငွေများပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ကုန်းကုလားကျေးရွာရှိ ဦးယားပါလုံး၏ ဆိတ်မွေးမြူရေးခြံသို့ သွားရောက်ကာ ဆိတ်မွေးမြူထားရှိမှု အခြေအနေအားကြည့်ရှုခဲ့ပြီးနောက် ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်တို့အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မိုင်းဖုန်းဆရာတော်အား ရည်စူးလှူဒါန်းထားသည့် ဓမ္မာရုံအတွက် လိုအပ်သည်များအသုံးပြုနိုင်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အလှူငွေများ ပေးအပ်လှူဒါန်းရာတာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)