သတင်းများ

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ "တော၊ တောင်၊ ရေ၊ မြေ စိမ်းလန်းဖို့ သစ်ပင်စိုက်ကြစို့" ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်
Jul 27,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက "တော၊ တောင်၊ ရေ၊ မြေ စိမ်းလန်းဖို့ သစ်ပင်စိုက်ကြစို့" ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့၌ စာဖတ်ဝိုင်း ကျင်းပ
Jul 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဒေသခံပြည်သူများအား အသိပညာဗဟုသုတ တိုးပွားစေရန်နှင့်စာဖတ်ဝါသနာပါသူများ တိုးပွာလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ(Book Culb) အသင်းတို့က ပူးပေါင်း၍ ယနေ့နံနက်(၁၁) နာရီ အချိန် စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ
Jul 27,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀) နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့ပြည်သူ့ဆေးရုံ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် (၁၀) ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေး Covaxin ကို ယနေ့မွှန်းလွဲ ၂ နာရီ အချိန်တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် အခွန်လွတ်သာသနာ့မြေဂရန်လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းကြည့် ရှုစစ်ဆေး
Jul 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အခွန်လွတ်သာသနာ့ မြေဂရန်လျှောက်ထားသည့် မြေနေရာများကို ယနေ့ နံနက်ပိုင်းက
ရှင်ဗွေယန်မြို့တွင် ကချင်ပြည်နယ် အခမဲ့ဆေးကုသရေး Foundation မှ လာရောက်​ဆေးကုသပေး
Jul 27,2022
မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တိုက်နယ်ဆေးရုံ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ် အခမဲ့ဆေးကုသရေး Foundation မှ လာရောက်​ ဆေးကုသပေးလျက်ရှိ​သည်။
ကွန်ဟိန်းမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကျင်းပ
Jul 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့မှ ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တိုင်းရင်း သားရိုးရာ ဝတ်စားဆင်ယင်မှု ပြိုင်ပွဲအား
ဇလွန်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပြိုလဲခြင်းနှင့်အမိုးလန် ပျက်စီး
Jul 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပို့တစ်ရာကျေးရွာအုပ်စု ရေလယ်သောင်ကျေးရွာတွင် လူနေအိမ်သုံးလုံး ပြိုလဲပျက်စီးပြီး လူနေအိမ်ငါးလုံး အမိုးလန်၍ စုစုပေါင်းအိမ်ထောင်စု (၂၄) စု လေဘေးသင့်မှုဖြစ်ပေါ်ခဲ့သည်။