သတင်းများ

လားရှိုးမြို့၌ နွေရာသီကျောင်းပိတ်ရက် အခြေခံအားကစားနည်း(၅)မျိုး အခမဲ့သင်ကြားပေးသွားမည်
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်ကာလတွင် အခြေခံပညာ အားကစားနည်း(၅)မျိုး အခမဲ့လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ပြုလုပ်
Feb 22,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေး
Feb 22,2023
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ်ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယနေ့နံနက် ၁၀ နာရီကဌာနဆိုင်ရာ ရုံးများနှင့်ဝန်ထမ်းမိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ်စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မြို့သစ်မြို့နယ်မှ ကျောင်းသား/ကျောင်းသူ ၈၅၇ ဦး ဝင်‌ရောက်ဖြေဆိုမည်
Feb 22,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စုစုပေါင်း ၈၅၇ ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင်  တောင်သူလယ်သမားနေ့အခမ်းအနား  ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင်  ၂၀၂၃ ခုနှစ် မတ်လ(၂)ရက်နေ့ တွင်ကျရောက်မည့် တောင်သူလယ်သမားနေ့အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအား  ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးက ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင်  သီးနှံအခြေခံစားသောက်ကုန်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 22,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တွင် သီးနှံအခြေခံစားသောက်ကုန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဖြူးမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ (၄၂၉)သိန်းကို နဝမအကြိမ် ထုတ်ချေးပေး
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပေးလျက်ရှိရာ သ​​​​​ပြေလဟာကျေးရွာအုပ်စု၊ ငါးဘက်အိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စား များအား ပင်စင်လစာငွေများကို  ယမန်နေ့နံနက်(၈)နာရီက စတင်၍  ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။