သတင်းများ

မင်းပြားမြို့၌  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 21,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ကလေးသူငယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲးကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိန္တလီမြို့၌ နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Feb 21,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုသိရှိစေရန် အလုပ်ခေါ်ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြသခဲ့သည်။
ထန်းတပင်မြို့နယ်တွင် ပင်စင်လစာငွေများအားပုံမှန် စနစ်တကျ ထုတ်ပေး
Feb 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ  ပင်စင်စားများအား  နေ့အလိုက်ခွဲခြားသတ်မှတ်၍    စနစ်တကျ  ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး 
Feb 21,2023
 နိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး သနပ်ပင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်(၇)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိပြီး ကျန်ရက်များတွင်လည်း ဘဏ်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် ဓနိဖူးခြောက်များ ထုတ်လုပ်ရောင်းချ
Feb 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာအုပ်စု၊ ပိုက်စလကျေးရွာတွင် လူတို့၏ ကျန်းမာရေးအတွက် များစွာအထောက်အကူ ပြုသည့် ဓနိဖူးခြောက်လုပ်ငန်းအား “EUNICE” အမည်ဖြင့် အသေးစား စက်မှုလက်မှုလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
မင်္ဂလာဒုံမြို့နယ်ရုံး၊ Community Centre ခန်းမ၌ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ နှင့်ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်
Feb 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ နှင့်ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ တွေ့ဆုံပွဲကျင်းပပြုလုပ်လျက်ရှိသည်။
ပဲခူးတက္ကသိုလ်၌ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကျင်းပ
Feb 21,2023
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပဲခူးတက္ကသိုလ်တို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့နံနက် ၉ နာရီက ပဲခူးတက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အထိမ်းအမှတ် မျက်စိအတွင်းတိမ်လူနာများအား ခွဲစိတ်ကုသပေးခြင်းနှင့် မန်းချောင်းကူး ရေနိမ့်တံတား(၆၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Feb 21,2023
မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) Myanmar Health Science Conference(2023) အထိမ်းအမှတ်အကြို မျက်စိအတွင်းတိမ်လူနာများအား ခွဲစိတ်ကုသပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီး၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မျက်စိခွဲစိတ်ကုသမှုခံယူကြမည့်သူများ တက်ရောက်ခဲ့ကြသည်။