သတင်းများ

မူးယစ်အန္တရာယ်တားဆီးကာကွယ်​​ရေး အသိပညာပေး Talk Show ပြုလုပ်
Feb 28,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယ​မန်နေ့​​ မွန်းလွဲ(၂)နာရီချိန်က မူးယစ်အန္တရာယ် တားဆီးကာကွယ်​ရေး အသိပညာ​ပေး Talk Show ပြုလုပ်ကြောင်း သိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ(၂၆)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Feb 28,2023
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံများအပြီး သုံးသီးစိုက်တောင်သူများ ဆည်ရေဖြင့် နွေစပါးထပ်မံစိုက်ပျိုး
Feb 28,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ဆောင်းသီနှံ ပဲတီစိမ်း၊ မတ်ပဲများအပြီး သုံးသီးစိုက်တောင်သူများအနေဖြင့် နွေစပါးများကို ထပ်မံစိုက်ပျိုးလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်များမှ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားများနှင့်တွေ့ဆုံ၊ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး
Feb 28,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် လေရှီးမြို့နယ်၊ ဆွမ္မရာမြို့၊ မြို့စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့် ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ျောက်ဆည်မြို့နယ် မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့် လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များလှူဒါန်း
Feb 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာအုပ်စု၊ မကျီးတန်းကျေးရွာတွင် မီးဘေးသင့်ပြည်သူများအား ဌာနဆိုင်ရာ များနှင့် စေတနာရှင်များစုပေါင်း၍ အလှူငွေနှင့်လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များ ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီ (၂၈)ရက် နံနက်(၁၀) နာရီက ကာတွန်းဖောင်းဖောင်းနှင့်စေတနာရှင်ပြည်သူများစုပေါင်းပြီး အလှူငွေနှင့် လူသုံးကုန်ပစ္စည်းများ အဝတ်အထည် များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ ဆလပ်ရွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ
Feb 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံပြည်သူများသည် ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုး အသက်မွေးဝမ်းကြောင်း ပြုကြသော်လည်း စားဖိုချောင်သုံး ဟင်းသီးဟင်းရွက်ပင်များကို စိုက်ပျိုးလုပ်ကိုင် ရောင်းကြချခြင်းဖြင့် မိသားစုစားဝတ်နေရေးကို အထောက်အကူပြုနေ သည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ ငှားရမ်းပေး
Feb 28,2023
ကရင်ပြည်နယ် ၊ ဘားအံခရိုင်  ၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ဒေသခံပြည်သူများ၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်၊  အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန် ယနေ့နံနက်(၉) နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ ရပ်ကွက်(၄)၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထပ်လုံစေတီတော်ကို စိတ်အေးချမ်းစွာ ဖူးမြော်နိုင်ရန် သန့်ရှင်းရေးလုပ်အားဒါနပြု
Feb 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်ကြီးကို ဘုရားဖူးများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန် နေ့စဉ် သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၃ ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြုခဲ့သည်။