မူးယစ်အန္တရာယ်တားဆီးကာကွယ်​​ရေး အသိပညာပေး Talk Show ပြုလုပ်

ရွှေဘို ဖေ​ဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယ​မန်နေ့​​ မွန်းလွဲ(၂)နာရီချိန်က မူးယစ်အန္တရာယ် တားဆီးကာကွယ်​ရေး အသိပညာ​ပေး Talk Show ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ Talk Show  တွင်​​ ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန​ဦးစီးအရာရှိ ဒေါ်​အေးမြင့်စန်းက​ ဆွေး​နွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို​​ ပြောကြားခဲ့ပြီး လက်​ထောက်ညွှန်ကြား​ရေးမှူး ဒေါ်အေးမြမွန်က ​မူးယစ်​ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်​ဆေး စွဲလမ်းရခြင်း​ အ​ကြောင်းအရင်းများ၊ မူးယစ်​ဆေးသုံးစွဲခြင်း​ကြောင့် ဖြစ်​ပေါ်လာနိုင်သည့် ဆိုးကျိုးများ လူငယ်လူရွယ်များ မူးယစ်​ဆေးသုံးစွဲရာမှ စွဲ​စေတတ်​သော​ဆေးဝါးများ၊ ကျောင်းသား၊ ကျောင်းသူ​များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်အန္တရာယ် တားဆီး ကာကွယ်​ရေးနှင့် စပ်လျဉ်းပြီး ပြည်သူ​များ သိရှိ​သင့်သည့် အ​ကြောင်းအရာများ စသည်တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ​ ဆောင်ရွက်ချက်များကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေ ရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We Love Shwe Bo Facebook Page တွင် စဉ်ဆက်မပြတ် စီစဉ်တင်ဆက်​ပေးလျက်ရှိကြောင်း သိရသည်။     

ခရိုင် (ပြန်/ဆက်)