ကျောက်ဆည် ဖေဖော်ဝရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာအုပ်စု၊ မကျီးတန်းကျေးရွာတွင် မီးဘေးသင့်ပြည်သူများအား ဌာနဆိုင်ရာများနှင့် စေတနာရှင်များစုပေါင်း၍ အလှူငွေနှင့်လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များ ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီ (၂၈)ရက် နံနက်(၁၀)နာရီက ကာတွန်းဖောင်းဖောင်းနှင့်စေတနာရှင်ပြည်သူများစုပေါင်းပြီး အလှူငွေနှင့် လူသုံးကုန်ပစ္စည်းများ အဝတ်အထည်များ ထောက် ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မီးဘေးသင့် အိမ်ထောင်စုတစ်စုလျင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၂၅)စုအတွက် စုစုပေါင်းငွေကျပ် (၇၅၀၀၀၀) ကျပ်နှင့်ဆန်များ၊ သွားတိုက်ဆေးများ၊ အဟာဖြစ်မုန့်များ၊ အဝတ်အထည်များအား မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် လှူဒါန်းခဲ့ ကြောင်းနှင့် အဆိုပါမီး ဘေးသင့်ပြည်သူများသည် ဖေဖော်ဝါရီ(၂၀)ရက် နေ့လည်(၁၁)နာရီ (၅)မီနစ်ခန့်က မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးဘေးသင့်ပြည်သူများဖြစ်ကြောင်း သိရသည်။
သက်မောင်ခရိုင် (ပြန်/ဆက်)