သတင်းများ

မက်မန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Feb 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မီးဘေး လုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို မက်မန်းမြို့အတွင်းရှိ စာသင်ကျောင်းများ၊ ဈေးဆိုင်များ၊ လူနေအိမ်များတွင် ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိုပန်၌ (၁၉)ကြိမ်မြောက် အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Feb 28,2023
"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၌(၁၉)ကြိမ်မြောက် အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက ခရိုင်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရှမ်း/ပလောင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရှမ်း/ပလောင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ်တွင် Mobile Libraryစနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင် များငှားရမ်းပေး
Feb 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ကုန်တင်ကုန်ချသို့ သွားရောက်၍ သုတ/ရသ စာအုပ် စာစောင်များကို ယနေ့ မွန်းလွဲ ၂နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Feb 28,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေပိုင်းက (Community Centre)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ၌ ဆီနေကြာ စံပြစိုက်ခင်းအောင်မြင်ဖြစ်ထွန်း
Feb 28,2023
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် မိုးစပါးရိတ်သိမ်းပြီး ချိန်ဆောင်းသီးနှံအဖြစ် ပဲ၊ နေကြာ၊ ရာဘာများ အား စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လိုသည့် တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် ရန်ပုံငွေနှင့်အတူ ဆီနေကြာမျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ပေးအပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ခုခံကျကာလသားရောဂါကာကွယ်ရေး သင်တန်းဖွင့်လှစ်
Feb 28,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တိုင်းခုခံကာလသား ရောဂါတိုက် ဖျက်ရေးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ခုခံကျကာလသားရောဂါတိုက်ဖျက်ရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့ရှိ မြစိမ်းရောင်သာသနာ့နယ်မြေ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်းနှင့် ဘုရားထီးတော် တင်လှူခြင်းအတွက် အလှူငွေပေးအပ်ပွဲကျင်းပ
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ မြစိမ်းရောင်သာသနာ့နယ်မြေရှိ မြတိဂုံစေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြင်ဆင်ခြင်း၊ ပြည်လုံးကပ်ကာစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်းနှင့် စိန်ဖူးတော်အသစ်တင်လှူပူဇော်ခြင်း၊ အမရဝတီဆင်ဖြူတောင် စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်း ထီးတော်နှင့်စိန်ဖူးတော် တင်လှူပူဇော်ခြင်း တို့အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြောင်းမြ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။