မိုင်းယောင်း ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်ကြီးကို ဘုရားဖူးများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန် နေ့စဉ် သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၃ ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြုခဲ့သည်။
သံလွင်အရှေ့ပိုင်းတွင် တန်ခိုးကြီးပြီး ထင်ရှားကျော်ကြားသော ဆံတော်ရှင်ထပ်လုံ (ဓာတ်လုံစွမ်ယောင်း)စေတီတော်မြတ်ကြီးကို ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးများ စိတ်အေးချမ်းစွာဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ခစဖ/မစဖဥက္ကဋ္ဌအဖွဲ့၊ ခစဖ/မစဖအဖွဲ့ဝင်(၁)အဖွဲ့၊ ခစဖ/မစဖအဖွဲ့ဝင်(၂) အဖွဲ့၊ ခစဖ/မစဖအဖွဲ့ဝင်(၃)အဖွဲ့၊ ခစဖ/မစဖအတွင်းရေးမှုးအဖွဲ့၊ ရပ်ကွက်(၂)အဖွဲ့၊ ရပ်ကွက်(၃)အဖွဲ့၊ ရပ်ကွက်(၄)အဖွဲ့၊ ရပ်ကွက်(၅)အဖွဲ့၊ ရပ်ကွက်(၇)အဖွဲ့၊ ရပ်ကွက်(၈)အဖွဲ့၊ ရပ်ကွက်(၉)အဖွဲ့၊ ဖြူစင်မေတ္တာပရဟိတအဖွဲ့၊ မျိုးဆက်သစ်ရောင်နီပရဟိတအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့အဖွဲ့တို့မှ အလှည့်ကျဖြင့် သန့်ရှင်းရေးလုပ်ငန်းများကို နေ့စဉ်လုပ်အားဒါနပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း