အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းအား သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို
Aug 05,2022
၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုကို ရယူဆွတ်ခူးခဲ့သော အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်ရင်းသားပြည်သူများ၊ ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအဖွဲ့များက အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။