မိတ္ထီလာ ဖေဖော်ဝါရီ ၂၈
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ၃၅၇.၁၆ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကတာဝန်ယူဇွန်လမှစတင်၍ တွင်းတိမ်(၂)တွင်း၊ တွင်းနက်(၆)တွင်း၊ အိမ်သွယ်ရေတိုင်(၆)ခု၊ ရေသန့်စင်စနစ်(၂)ခု၊ အခြားလုပ်ငန်းတစ်ခုတို့အား ကျေးရွာ(၁၇)ရွာတွင် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများမှ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ကျေးရွာ ၁၇ ရွာမှ လူဦးရေ ၁၂၄၁၂ ဦးတို့အား ရာသီမရွေး သောက်သုံးရေအဆင်ပြေနိုင်တော့မည်ဖြစ်သည်။
၎င်းအပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ခရိုင်အတွင်းရှိ ကျေးရွာ ၉ ရွာတို့တွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၁၃၅.၈၉ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကတာဝန်ယူ၍ တွင်းတိမ်(၃)တွင်း၊ မြေသားရေကန်(၆)ကန်တို့အား ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာ ၉ ရွာရှိ လူဦးရေ(၇၁၇၃)ဦးတို့မှာ ရာသီမရွေးသောက်သုံးရေအဆင်ပြေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်