သတင်းများ

ကျောက်ပန်းတောင်းမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု                     အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်) ပြိုင်ပွဲကျင်းပ
Aug 07,2022
မန္တလေတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်သဘင်အနုပညာရှင်များအစည်းအရုံးတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်)ပြိုင်ပွဲကို၊ ဩဂုတ်လ(၇)ရက်နေ့ နံနက်(၉:၃၀)နာရီကစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ
Aug 07,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ရောက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၇)နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Resort မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားသည်။
မိုင်းဖြတ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၌ ​ကျောက်​ချောလမ်း​ ဆောင်ရွက်​နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်​ဆေး
Aug 07,2022
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ်တွင် မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းစိစစ်​ရေး​ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်​နေ့နံနက် ၈နာရီခွဲက ကွက်သစ်ရပ်ကွက်၌  မြို့နယ်စည်ပင်သာယာ​ရေးဌာနမှ ​ဆောင်ရွက်သည့် ​ကျောက်ချောလမ်း ​ဆောင်ရွက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​​ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ မိုင်းကြောင့် ထိခိုက်ကိုယ်အင်္ဂါစွန့်လွှတ်ရသူများအား ထောက်ပံ့ငွေ ပေးအပ်
Aug 07,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် (ICRC) ကိုယ်စား မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့မှ မိုင်းကြောင့် ထိခိုက်ကိုယ်အင်္ဂါ စွန့်လွှတ်ရသူများအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ပြင်စလူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Aug 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီ အချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးအပ်
Aug 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာန BRIC Program၊ APH Program၊ WFF Program အစီအစဉ်ဖြင့် စီမံကိန်းဝင်ကျေးရွာများနှင့် စာသင်ကျောင်းများအား ကျန်းမာရေး ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးခြင်းအခမ်းနားကို ယမန်နေ့ မွန်းလွဲညနေပိုင်းက မြို့နယ်ကြက်ခြေနီအသင်းရုံးခွဲ၌ ကျင်းပခဲ့သည်။
ကျောက်မဲမြို့တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲဝင်များအား ကျောက်မဲမြို့နယ်ပညာရေးမှူးမှ လိုက်လံကြည့်ရှုအားပေး
Aug 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်မည့် အခြေခံအဆင့် ကလေးငယ်များအား ကျောက်မဲမြို့နယ် မြို့နယ် ပညာရေးမှူး ဒေါ်ခင်ဌေးမှ ယမန်နေ့က လိုက်လံကြည့်ရှု အားပေးခဲ့သည်ဟု သိရသည်။
လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Aug 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့သည်။