မြဝတီမြို့၌ (၆၁)နှစ်ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 12,2022
မြဝတီခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြဝတီခရိုင်နှင့်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A)တို့ ကြီးမှူး ကျင်းပသည့် (၆၁)နှစ်ပြည့်နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့် မေတ္တာအခါတော် ယနေ့နေ့လယ် ၁၂ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးရှိ၊ သာသနာ့ဟိတ ကာရီဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။