မော်လမြိုင်ကျွန်း မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်မြတ်ကြီး (လုံးတော်ပြည့်)ရွှေသင်္ကန်းကပ်လှူခြင်း၊ ရေစက်ချပွဲနှင့် (ဆဋ္ဌမ) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို မြို့ဦးစေတီတော် သံဃနာယကရုံး၌ ယမန်နေ့ ညနေ (၃) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားအား နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ် ပုညာကာရီကျောင်းတိုက် ဆရာတော်ဩဝါဒစရိယအရှင်ဇာဂရ ဩဝါဒတရားတော်များကို ဟောကြားချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှု ဦးသက်နိုင်ထွေး၊ အဖွဲ့ဝင်း(၁) ဗိုလ်မှူးမင်းလွင်ဦး၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးစောဝဏ္ဏ၊ အလှူရှင်များနှင့် ရပ်မိရပ်ဖများ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေ ကျပ်သိန်း (၅၀) တိတိကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဖွယ်ဝတ္ထု အစုစုတို့ကို ရေစက်ချအမျှအတန်း ပေးဝေခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)