တောင်တွင်းကြီး မတ် ၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကာ ကိုယ်ဝန်ဆောင်မိခင်များကို အာဟာရဓါတ်စာများ၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆေးဝါးကုသရန်လာရောက်ကြသော ကိုယ်ဝန်ဆောင်မိခင်များကို ပေါင်ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စမ်းသပ်ခြင်း၊ ဆေးကုသခြင်းများစသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ကာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချိုချိုဝင်းနှင့် အဖွဲ့ဝင်များမှ ကိုယ်ဝန်ဆောင်မိခင်များအား ကြက်ဥများ၊ အိုင်အိုဒင်းဆားများစသည့် အာဟာရဓာတ်ဆာများ ထောက်ပံ့ငွေများကို တစ်ဦးချင်းအသီးသီးပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များသည် ရပ်ကွက်များအတွင်းရှိ မသန်စွမ်းကလေးများ၊ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကာထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)