ပုလောမြို့နယ်တွင်  အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်

ပုလော   မတ်လ  

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှတစ်ဆင့် ယနေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားလူမှုရေးပင်စင်ငွေများကို လစဉ်ဘိုးဘွားတစ်ဦးလျှင် ကျပ်(၁၀၀၀၀) နှုန်းဖြင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လစဉ်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ပုလော မြို့နယ်တွင် သက်ကြီးဘိုးဘွားများ (၃၁၉) ဦးရှိကြောင်းနှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် ငွေကျပ် (၉၅၇၀၀၀၀) ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ဘိုးဘွားလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)