မိုင်းဆတ်မြို့၌ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်

မိုင်းဆတ် မတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို၌ မတ်လ(၃)ရက်နေ့ ည(၁၀)နာရီခန့်က ဝိန်းနေရပ်ကွက်တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ နံနက် (၉)နာရီ အချိန်က ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

အဆိုပါ မီးဘေးသင့်အိမ်ထောင်စုအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးဟန်နှင့် တာဝန်ရှိသူတို့က ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ ထောက်ပံ့ငွေ (၁)သိန်းကျပ်နှင့် ဆန်ရိက္ခာ စရိတ်တို့ကို ထောက်ပံ့ ပေးအပ်ရာ မီးဘေးသင့်အိမ်ရှင်တစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)