ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂)မျိုးစံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသ

မောင်တော မတ် ၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံဆင်းရွှေကြာ (၂)စံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မြို့ဦးရပ်ကွက်၊ဇူလကျေးရွာတွင် ကျင်းပခဲ့သည်။

အဆိုပါဆီထွက်သီးနှံ(ဆင်းရွှေကြာ) စံကွက်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးရပ်ကွက်၊ ဇူလကျေးရွာ၊ ကွင်းအမှတ်(၁၀၁/ဃ)ဦးပိုင် အမှတ်(၄၅၅ /၁)အကျိုးဆောင်တောင်သူတစ်ဦး၏ လယ်မြေ ၅ ဧကတွင် စိုက်ပျိုးထားသည့် ဆင်းရွှေနေကြာ(၂)မျိုးစံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တမြို့နယ် ဦးစီးမှူး ဦးစောမောင်က လုပ်ငန်းများ ဆောင်ရွက်ပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါစံပြကွက် သရုပ်ပြပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင် ဦးဦးခင်မောင်၊ အတွင်းရေးမှူးရဲမှူး သန်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှခေတ္တမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)