ပိုင်ကျုံ မတ် ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၃၈) ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း ဖွင့်လှစ် ပညာသင်ကြားလျက်ရှိသည့်အနက် အ-ထ-က(ပိုင်ကျုံ)တွင် ကျောင်းတွင်းဖြေ ကျောင်းသား/သူ(၁၃)ဦး ပြင်ပဖြေ (၇)ဦး စုစုပေါင်း (၂၀) ဦး၊ အ-ထ-က (ဒေါ်လန်း)တွင် ကျောင်းတွင်းဖြေ ကျောင်းသား/သူ(၇)ဦး ပြင်ပဖြေ(၄)ဦး စုစုပေါင်း (၁၁) ဦး၊ အ-ထ-က (နောင်ဘိုကြီး)တွင် ကျောင်းတွင်းဖြေ ကျောင်းသား/သူ (၇) ဦးတို့မှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး တစ်မြို့နယ်လုံးအနေဖြင့် ကျောင်းတွင်းဖြေ ကျောင်းသား/သူ(၂၇)ဦး၊ ပြင်ပဖြေ ကျောင်းသား/သူ(၁၁)ဦး၊ စုစုပေါင်း ကျောင်းသား/သူ(၃၈)ဦးတို့က ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ အ-ထ-ကကျောင်းများမှ တက္ကသိုလ်တန်း စာမေးပွဲ (စနစ်ဟောင်း) တွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား/သူဦးရေ နည်းခြင်းကြောင့် ပိုင်ကျုံမြို့တွင် စာစစ်ဌာန ဖွင့်လှစ် ထားခြင်းမရှိတော့ဘဲ လှိုင်းဘွဲမြို့နယ်တွင် ဖွင့်လှစ်ထားသည့် စာစစ်ဌာနတွင် သွားရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)