မိုင်းယု မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်များ ဆွမ်း အခက်အခဲမရှိစေရေးအတွက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်များ ဆက်ကပ် လှူဒါန်းလျက်ရှိရာ မိုင်းယုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့က မြို့မထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ဆွမ်းဆန်များ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းရာတွင် မိုင်းယုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဝန်ထမ်းများက ဆွမ်းဆန်၊ စားဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္ထုငွေများကို မြို့မထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အားချာ