သတင်းများ

လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေးသွင်းအားစုများပေးအပ်
Mar 06,2023
ပြည်​ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့်   နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် သွင်းအားစုများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အလယ်ကျွန်းကျေးရွာအုပ်စုတွင် ကျင်းပခဲ့သည်။
အမရပူရမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Mar 06,2023
အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်ရှိ မင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက်အတွင်းတွင် ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ်အဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့၊ အမှတ် (၁) စစ်မြေပြင်ဆေးတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်၀င်း၊ ဗိုလ်မှူးကြီး ဝင်းကိုကိုဌေးဦးစီး၍ အထွေထွေရောဂါကု ပါရဂူကြီး (၅) ဦး၊ သွားအထူးကု ပါရဂူကြီး (၁) ဦး၊ အရိုးပါရဂူ(၁)ဦး၊ သူနာပြုအရာရှိ(၃)ဦး၊ အခြားဆင့်သူနာပြု(၃)ဦး၊ သာဖွားအမျိုးသမီးသူနာပြု (၁) ဦးတို့အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင်းခြင်း အခမ်းအနားပြုလုပ်
Mar 06,2023
မြင်းခြံမြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာသည့်အချိန်တွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ငလျင်ဒဏ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် ကာကွယ်ရေးနည်းလမ်းများ သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြင်းခြံခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က မြင်းခြံမြို့အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကျိန္တလီမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး (Talk Show) ကျင်းပပြုလုပ်
Mar 06,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး (Talk Show) ကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနရှိ စာဖြေခန်းများ ပြင်ဆင်နေမှုကြည့်ရှုစစ်ဆေး
Mar 06,2023
(၂၀၂၃)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်‌နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ စာစစ်ဌာနများ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စာမေးပွဲကျင်းပမည့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အ.ထ.က ကျွန်းစု(စာစစ်ဌာန)ကျောင်း၌ စာဖြေခန်းများ ပြင်ဆင်ထားနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် ထူးချွန်သည့် လူငယ်ဘောလုံးအားကစားသမား ပေါ်ထွက်လာစေရေးအခြခံဘောလုံးကစားနည်းသင်တန်း ဖွင့်လှစ်သင်ကြား
Mar 06,2023
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရေးနှင့် ထူးချွန်သည့် လူငယ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံဘောလုံးကစားနည်း သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်စာစစ်ဌာနများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်စာစစ်ဌာနများ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း (ဝမ်းတွင်း)တွင် ဆောင်ရွက်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 06,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။