ပြည်မြို့နယ်အတွင်းရှိ အခြေခံပညာစာစစ်ဌာန ကျောင်းများအား "မီးဘေးလုံခြုံရေး" ကွင်းဆင်းစစ်ဆေး အကြံပြုဆွေးနွေး

ပြည် မတ် ၅

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ အခြေခံပညာ စာစစ်ဌာနကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများအဖွဲ့က ယမန်နေ့ကစတင်၍ "မီးဘေးလုံခြုံရေး" ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုး ဦးဆောင်သော တပ်ဖွဲ့ဝင်များက "တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေချိန်တွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်မီးကြိုးများ ဝါယာလျှော့မဖြစ်စေရေး အပါအဝင် ကျောင်းတွင်း/ပြင်သန့်ရှင်းရေးနှင့် မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် အထူးဂရုပြုဆောင်ရွက်ရမည့် မီးဘေးလုံခြုံရေး အစီအမံများကို သက်ဆိုင်ရာ ကျောင်းတာဝန်ခံများအား အကြံပြုဆွေးနွေးပြောကြားပြီး "အဆိုပါကျောင်းများ၌  မီးချိတ်/မီးကတ်နှင့် မီးသတ်ဆေးဘူးများ စနစ်တကျ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေနှင့် တပ်ဆင်အသုံးပြုလျက်ရှိသော မီးကြိုးများ၊ မီးခလုတ်များ၊ မိန်းပလပ်ခုံများ လုံခြုံစိတ်ချ ကောင်းမွန်မှု ရှိ/မရှိအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)