သတင်းများ

မိုးညှင်းမြို့နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲကျင်းပ
Aug 15,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောက်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
အများပြည်သူများ သတင်းအဆိပ်သင့်ခြင်းမှ ကင်းဝေးစေရန် ''သတင်းစားသုံးကြသူများ''ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show မိုင်းခုတ်မြို့၌ ပြုလုပ်
Aug 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ သတင်းအဆိပ်သင့်ခြင်းအန္တရာယ်မှ ကင်းဝေးနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁၄)ပါ မောင်မောင်ဟိန်း (အင်းတိုင်)၏''သတင်းစားသုံးကြသူများ''ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲပြုလုပ်
Aug 15,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကျရောက်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်း(၉)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
နောင်ချိုမြို့နယ် အ.လ.က(ခွဲ)၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံ
Aug 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနမှ  အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကွင်းဆင်း၍ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန်မှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေးနှင့် ဆီပြတ်လပ်မှု မရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေး
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက စက်သုံးဆီဆိုင်ကြီးများအား ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေး ခဲ့ကြသည်။
ပင်လောင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 15,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပ​င်လောင်းကြီးကျေးရွာအုပ်စုလွယ်ပြားကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူးများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးမှုလုပ်ငန်းများကို အဆိုပါ​ ကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့သည်။
တပ်ကုန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဆောင်ရွက်
Aug 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန
ရေလုပ်သားများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ကျားဖောင်လုပ်ငန်း ရှင်များက ရေလုပ်သားများအား အိမ်တောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် တင်ပြ ချက်အရ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။