ရပ်စောက် မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရပ်စောက်မြို့ပိုင် စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်သည့်အနေဖြင့် မီးငြှိမ်းသတ်မှုနှင့် လက်တွေ့လေ့ကျင့်ခြင်းများအား ယနေ့နံနက် (၉) နာရီအချိန်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မဈေးအကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ ကြသည်။
ထို့နောက် မီးလောင်မှုအရေးပေါ် အခြေအနေတွင်ရှိသည့် ပစ္စည်းများဖြင့် အလွယ်တကူ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ ဓာတ်ငွေ့ရည်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ကားဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)