ကြာအင်းဆိပ်ကြီးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စာပေစကားဝိုင်းကျင်းပ
Aug 15,2022
ကျောင်းနေအရွယ် ကျောင်းသားလူငယ်များအား သုတ၊ ရသ စာအုပ်စာစောင်များအား လေ့လာဖတ်ရှုပြီး စာပေအသိအမြင်များနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး အတွက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့မှ ပူးပေါင်းဆောင်ရွက်ကျင်းပဆောင်ရွက်သည့် စာပေစကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ကျင်းပသည်။