သတင်းများ

​ရွှေဘိုမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား ကြည့်ရှုစစ်ဆေး
Mar 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 07,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပသည်။
ကန့်ဘလူမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ
Mar 07,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်း လွန်ကျောင်း၌ ချပ်ကြီးကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စု (၁၃)စုအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာန နည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ်၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မွေးစမှ ၅နှစ်အထိ မကျန်းမာသော ကလေးအား ပေါင်းစည်းကုသခြင်းဆိုင်ရာ မွန်းမံသင်တန်းဖွင့်လှစ်
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မွေးစမှ ၅နှစ်အထိ မကျန်းမာသော ကလေးအား ပေါင်းစည်းကုသခြင်းဆိုင်ရာ မွန်းမံသင်တန်းကို အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် ၁၀၇ ခုအား  အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချ
Mar 07,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့် အရပ်ရပ်အခွင့်အရေး လိုင်စင်များကို ယမန်နေ့ နံနက် ၁၀ နာရီက အိတ်ဖွင့်လေလံစနစ်ဖြင့် သာစည်မြို့နယ်ခန်းမ၌ လေလံရောင်းချခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ လူငယ်နှင့်အနာဂတ်အသိပညာပေး(Talk Show)ကျင်းပ
Mar 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့ပူးပေါင်း၍ လူငယ်နှင့်အနာဂတ်အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။
ဓနုဖြူမြို့နယ်တွင် မီးဘေးသတိမူရေးနှင့် အရေးပေါ်တယ်လီဖုန်းနံပါတ်များ ပါရှိသော ဗီနိုင်းပိုစတာ စိုက်ထူ
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မီးလောင်မှုများမဖြစ်ပွား၊ မပေါ်ပေါက်စေရေးအတွက် မီးဘေးသတိမူရေးနှင့် အရေးပေါ် တယ်လီဖုန်းနံပတ်များပါရှိသော ဗီနိုင်းပိုစတာဆိုင်းဘုတ်များ စိုက်ထူခြင်းကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က လူသွားလူလာ များပြားသော မီးသတ်ဂုံးနှင့် အမှတ်(၁၀)ရပ်ကွက် ကျိုက္ကလွန်ပွန်းဘုရား၊ အမှတ်(၁၈)ရပ်ကွက် မီးပွိုင့်လမ်းဆုံတို့၌ စိုက်ထူခဲ့သည်။