သတင်းများ

လားရှိုးမြို့တွင် ပလပ်စတစ်သုံးစွဲမှုလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Aug 15,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံး ၊ Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီအချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် “ ပလပ်စတစ်သုံးစွဲမှုလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အဖွဲ့ဝင်များအား (၁/၂၀၂၂) သင်တန်းဖွင့်လှစ်
Aug 15,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအား (၁/၂၀၂၂)သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲနှင့်စာအုပ်စာစောင် ခင်းကျင်းပြသခြင်းဆောင်ရွက်
Aug 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်များကို ယနေ့နံနက်(၁ဝ)နာရီခွဲအချိန်က ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Aug 15,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေးနှင့် ဆီပြတ်လပ်မှုမရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးဆောင်ရွက်
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေ ရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှု မရှိစေရေးအတွက် ယမန်​နေ့​ နေ့လယ်ပိုင်းက မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော စက်သုံးဆီဆိုင်ကြီးများအား ပူးပေါင်း အဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။
စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှု (၅၈၄၉၄) အိမ်ထောင်စုပြီးစီး
Aug 15,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု လဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းရိုက်ကူခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ သြဂုတ်လ ၁၅ရက် နံနက်၁၁နာရီအချိန်အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုပေါင်းဆောင်ရွက်လျက်ရှိသည်။
ဖျာပုံမြို့၌ အသက်(၆)လမှ အသက် (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိအားဆေးနှင့် သံချဆေးများ လိုက်လံတိုက်ကျွေး
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အသက်(၆)လမှအသက် (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိအားဆေးနှင့် သံချဆေးများ လိုက်လံ တိုက်ကျွေးခြင်းကို သြဂုတ်လ (၁၅)ရက်နေ့ နံနက်( ၉)နာရီအချိန်ကဖျာပုံမြို့ အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲ၊ နှမ်းနှင့်‌နေကြာအပါအဝင် ဆီထွက်သီးနှံ ( ၅၃၄၅၂) ဧကစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း
Aug 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တောင်သူများ၏ လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော မိုးမြေပဲ၊ မိုးနှမ်းနှင့်နေကြာအပါအဝင် ဆီထွက်သီးနှံ (၅၃၄၅၂) ဧကကို ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် စိုက်ပျိုးထားရှိ‌ကြောင်း သိရသည်။