ကန့်ဘလူ မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်း လွန်ကျောင်း၌ ချပ်ကြီးကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စု (၁၃)စုအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာန နည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ်၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် တာဝန်ရှိသူများက အိမ်ထောင်စု တစ်စုခြင်းအလိုက် ထောက်ပံ့ပစ္စည်း (၁၆)မျိုး၊ ထမင်းဘူများ ဝေငှခြင်းနှင့် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ချပ်ကြီးကျေးရွာတွင် အကြမ်းဖက်အဖွဲ့များ၏ မီးရှို့ဖျက်စီးမှုကြောင့် မီးလောင်ဆုံးရှုံးခဲ့ ရသော အိမ်ထောင်စု (၁၃)စု၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၃၉ ဦးတို့အတွက် အိမ်ထောင်စု တစ်စုလျှင် တန်ဖိုးငွေကျပ် ၄၉၀၃၆ တန်ဖိုးရှိ ထောက်ပံ့ပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု ၁၃ စုအတွက် စုစုပေါင်း ငွေကျပ် ၆၃၇၄၆၈ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)