မိုင်းယောင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း မတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မတ် ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့(အတွင်း/အပြင်)၊ ကျန်းမာရေးအဖွဲ့၊ လျှပ်စစ်မီးရရှိရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ မီးဘေးလုံခြုံရေးအဖွဲ့များမှ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာဖြေခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း