နမ့်ခမ်းမြို့၌ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်
Aug 16,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သည့်ကာလအတွင်း ရောဂါကြိုတင်ကာကွယ် ထိန်ချုပ်ကုသရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် နမ့်ခမ်းမြို့ရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။