တပ်ကုန်း မတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့ပူးပေါင်း၍ လူငယ်နှင့်အနာဂတ်အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါ(Talk Show)အစီအစဉ်တွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က လူငယ်တွေရဲ့ အနာဂတ်က နိုင်ငံတော်အတွက် ဘယ်လောက်အရေးပါသလဲ၊ အနာဂတ်မှာအောင်မြင်တဲ့ လူငယ်တွေဖြစ်လာဖို့ ဘာတွေလိုက်နာသင့်သလဲအကြောင်းမေးခွန်းများ ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ လူငယ်နှင့်အနာဂတ်အသိပညာပေး (Talk Show)အစီအစဉ်အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်