သတင်းများ

စလင်းမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်ဒေသခံပြည်သူများအား ကွင်းဆင်းတွေ့ဆုံပွဲပြုလုပ်
Aug 15,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် လက်မဲကျေးရွာအုပ်စု၊ ဇယ်တွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ လုပ်ကိုင်ရန် သြဂုတ်လ ၁၅ ရက် နံနက်၁၀နာရီအချိန်က ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရန်ကုန်မြောက်ပိုင်းခရိုင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 15,2022
၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်အတွင်း မိုးစပါး ဧက ၁၀၇၉၅၇ ်စိုက်ပျိုးပြီးစီး
Aug 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း မိုးစပါး ၁၀၇၉၅၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိအခြေအနေတွင် မိုးရေပြည့်စုံ၍ မိုးစပါးစိုက်ခင်းများ ကောင်းမွန်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Aug 15,2022
ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာမ ပေါက်ပေါက် ရေးသားသည့် “စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပြုလုပ်သည်။
မိုးညှင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်
Aug 15,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီခွဲက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ (​ချောက်)တွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ
Aug 15,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (​ချောက်)တွင် အ​ခြေခံ​ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲကို ယ​နေ့နံနက် ၉နာရီအချိန်က ယင်း​ကျောင်းရှိ စား​သောက်ခန်းမတွင် ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်တွင်ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသောအသက် (၂)နှစ်အောက် ကလေး သူငယ်များအားငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT) အကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေး သူငယ်များအားငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT) အကြောင်းသိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၁ နာရီတွင်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။