ရွှေဘို မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အဖွဲ့ဝင် ဒုတိဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊ ခရိုင် မီးသတ်ဦးစီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်၊ ခရိုင်ပညာရေးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှုးနှင့်ဝန်ထမ်းများ၊ တာဝန်ခံကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုမည့် ကျောင်းဆောင်နှင့် စာဖြေခန်းများ ပြင်ဆင်ထားရှိမှု၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် လုံခြုံရေးဆောင်ရွက်မည့် အစီအစဉ်များ လမ်းညွှန် မှာကြားခဲ့သည်။
ရွှေဘိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာနတစ်ခု ဖွင့်လှစ်ပြီး ဖြေဆိုရန် ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား (၂၃၁)၊ ကျောင်းသူ (၃၀၉) စုစုပေါင်း(၅၄၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်ပြန်/ဆက်