ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မွေးစမှ ၅နှစ်အထိ မကျန်းမာသော ကလေးအား ပေါင်းစည်းကုသခြင်းဆိုင်ရာ မွန်းမံသင်တန်းဖွင့်လှစ်

ဒဂုံအရှေ့ မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မွေးစမှ ၅နှစ်အထိ မကျန်းမာသော ကလေးအား ပေါင်းစည်းကုသခြင်းဆိုင်ရာ မွန်းမံသင်တန်းကို အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီခိုင်က သင်တန်းတွင် ဆွေးနွေးပို့ချရာ၌ မီးဖွားရာတွင် လွယ်လင့်တကူ အခက်ခဲမရှိစေရေးအတွက် ကူညီစောင့်ရှောက်ပေးရန်၊ အသက်၂လမှ ၅နှစ်အထိ ပြုစုစောင့်ရှောက်ရန်၊ ၆လအထက်ဆိုလျှင် သက်ဆိုင်ရာ ဆရာဝန်/ ဆရာမများထံ လွှဲပြောင်းပေးအပ်ရန်၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ အမိုးနီးယား၊ အဆုတ်အအေးပတ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း၊ အသားရည်ခမ်းခြောက်ခြင်း၊ လမပြည့်မှီမွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်အလေးချိန်မပြည့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောများကို ဂရုပြုရန်စသည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အကျယ်တဝင့်ဆွေးနွေးပြောကြားပြီးနောက် ဒေါ်နန်းနွဲ့ယဉ်ဝင်း(စီမံကိန်း)သတင်း၊ ကျန်းမာရေးအချက်အလက်မှလည်း ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ဆွေးနွေးပြောကြားသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ ဆက်)