ငဖဲ မတ် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်စိုး က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်း က ကလေးသူငယ်အခွင့်အရေး (၄)ရပ်၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ခွင့်၊ ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ထုတ်ပြန်ထားသည့် ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မူလတန်းကြို မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများအကြောင်း သိကောင်းစရာများ၊ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာများနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေစာအုပ်နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်စိုးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)