သတင်းများ

စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Mar 07,2023
စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့၊ နံနက်ပိုင်းက စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်အဆင့် ထူးချွန်ဆုရရှိသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
Mar 07,2023
နိုင်ငံတော်အဆင့်ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အခြေခံပညာအထက်တန်းကျောင်း "မြတ်ရတနာ" ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ)နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကျင်းပ
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ) နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဂန္ဓကုဋီတိုက် အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် နွေရာသီအားကစားသင်တန်း (၅)မျိုး စတင်ဖွင့်လှစ်သင်ကြား
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး နွေရာသီအားကစားသင်တန်း (၅)မျိုးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း စတင်ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
လက်ပံတန်း၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနပြင်ဆင်ထားရှိမှု အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး
Mar 07,2023
ပဲခူးတိုင်း​​ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာန ပြင်ဆင်ထားရှိမှု အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း ဇီး​ဖြူကုန်းနှင့် အခြေခံပညာအထက်တန်းကျောင်း သာရဝေါစာစစ်ဌာနတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန(၅)ခုတွင် ပြင်ဆင်ထားခြင်းနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားခြင်းအား ကြည့်ရှုစစ်ဆေး
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၅)ခုတွင် ပြင်ဆင် ဆောင်ရွက်ထားခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးဘေး လုံခြုံရေး ဆောင်ရွက်ထားရှိခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ မီးဘေးလုံခြုံမှုရှိစေ ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းများ၌ ကွင်းဆင်းစစ်ဆေး အကြံပြုခဲ့ကြောင်း သိရသည်။