သာပေါင်း မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့အဝင် လမ်းဆုံတွင် မီးဘေးအန္တရာယ် ကာကွယ်ရေး (သင့်ကြောင့်မီးမလောင်ပါစေနှင့်) မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြသည်။
(သင့်ကြောင့်မီးမလောင်ပါစေနှင့်) မီးဘေးအန္တရာယ် ကာကွယ်ရေး မြေစိုက်ပိုစတာကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူး ဦးကျော်သူလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ တက်ရောက်၍ အမှတ် (၂)ရပ်ကွက်၊ မြို့အဝင် မြို့ဦး မဟာဗောဓိစေတီတော်ရှေ့ လမ်းဆုံ၌ စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်