သတင်းများ

တံတားဦးမြို့နယ်တွင် မေမြို့ပန်းစိုက်ပျိုးရောင်းချသူများ ပုံမှန်ဝင်ငွေရရှိ
Mar 07,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာတွင် စိုက်ပျိုးထားသော မေမြို့ပန်းစိုက်ခင်းများ  အထူးကောင်းမွန်ပြီး နုတ်ယူရောင်းချချိန်တွင် ဈေးကောင်းရရှိပြီး ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း ဇီးပင်ကွေ့ကျေးရွာ မေမြို့ပန်းစိုက်ပျိုးရောင်ချသူ ဦးထွန်းထွန်းထံမှ သိရသည်။
လပွတ္တာမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Mar 07,2023
လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့ ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတ ကြွယ်ဝစေရန် ကာယ၊ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိုကာကွယ်ပေးထားသော ဥပဒေများအကြောင်း အသိပညာပေး Talk Show ကျင်းပ
Mar 07,2023
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကာကွယ်ပေးထားသော ဥပဒေများအကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဒလမြို့နယ် သင်္ဘောကျင်းတွင် အရန်မီးသတ်တပ်ဖွဲ့ အကြိုအခြေခံမီးသတ်ပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် သင်္ဘောကျင်းတွင် အရန်မီးသတ်တပ်ဖွဲ့အကြို အခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။အခမ်းအနားတွင် ဒလသင်္ဘောကျင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးသိန်းနိုင်က သင်တန်းသားများအား
မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာ၌ အိမ်ခြေ(၄၅)အိမ်အား လေပြင်ဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ် များ ဖြစ်စေရေး အားဖြည့်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 07,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် အိမ်ခြေ (၄၅)အိမ်အား လေပြင်းဒဏ် ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေ ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်ကြီးမြို့နယ်၌ မိုင်းအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ
Mar 07,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး မိုင်းအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၅)ခုတွင် ကျောင်းသား/ သူ (၄၂၂)ဦး ဖြေဆိုမည်
Mar 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၄၂၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 07,2023
ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်လျှက်ရှိသော အခြေအနေမှန်များ၊ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများနှင့် မိမိရပ်ရွာ ဒေသတွင်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြနိုင်စေရန်အတွက်  စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း တွေ့ဆုံပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သရက်ချိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။