လိပ်သို မတ် ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ရပ်ဝေး ကျောင်းသား/ကျောင်းသူများကို ယမန်နေ့နံနက် ၁၀ နာရီက ကတ်သလစ်သီလရှင်ကျောင်း၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်မှ ရပ်ဝေးမှလာရောက်ဖြေဆိုကြသည့် (အ.ထ.က-သံမိုးတောင်) ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် အုပ်ထိန်းသူကျောင်းသားမိဘများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)