မူဆယ် မတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့ ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်မှတဆင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား (EV-Eelectric Vehicle) များကို ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှ စတင်တင်သွင်းလာပြီး မြန်မာနိုင်ငံဘက်သို့ ဖြန့်ချီနေပြီဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
အဆိုပါ လျှပ်စစ်ကားများကို တင်ပို့ဖြန့်ချီခြင်းသည် တရုတ်နိုင်ငံဘက်ဖက်မှ မြန်မာနိုင်ငံဘက်သို့ စက်သုံးလောင်စာဆီ သုံးစွဲမှုလျှော့ချရေးအတွက် လျှပ်စစ်ကား(EV)များတင်သွင်းမှု ပထဆုံးအကြိမ် ဖြစ်ကြောင်းလည်းသိရပြီး ဆက်လက်၍ လည်း နှစ်နိုင်ငံကုန်သွယ်ရေးစီးဆင်းမှု ပိုမိုခိုင်မြဲလာမည် ဖြစ်ပါသည်။ ယခုလက်ရှိတွင် မူဆယ်မြို့၊ ကျင်စန်းကျော့ ဂိတ်တွင် လျှပ်စစ်ကား(EV)များကို အစီးရေ(၄၀)ကျော် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ စတင်တင်ပို့ ထားရှိလျက်ရှိပြီး ကာလပေါက်ဈေး ဒေါ်လာ(၇၈၀၀)ခန့်ရှိပြီး မြန်မာငွေကျပ် (၁၆၃) သိန်းကျော်ခန့်ရှိကြောင်း သိရပါသည်။
တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား (EV)များ မြန်မာနိုင်ငံဘက်သို့ တင်ပို့ဖြန့်ချီခြင်းဖြင့် စက်သုံးလောင် စာဆီများလျော့ချ သုံးစွဲနိုင်ပြီး လောင်စာဆီသုံးကားများထက် ပိုမို၍ ယာဉ်မတော်တဆမှုများ လျော့ကျနိုင်မည်ဖြစ်ပါသည်။ ထို့အတူ မြန်မာပြည်သူများအနေဖြင့် အိမ်နီးချင်းနိုင်ငံများနည်းတူ လူနေမှုဘဝအဆင့်အတန်း မြင့်မားလာမည်ဖြစ်ပါသည်။ အဆိုပါ တင်ပို့ထားလျက်ရှိသော လျှပ်စစ်ကား(EV)များကို မြန်မာနိုင်ငံအစိုးရအာဏာပိုင်များက လိုအပ်သည့်စစ်ဆေး ဆောင်ရွက်ချက်များ ပြုလုပ်ပြီးလျှင် စမ်းသပ်မောင်းနှင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)