ရွှေတောင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှချီးမြှင့်ပူဇော်သည့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဓမ္မသိင်္ဂီမင်းကျောင်း ဆရာတော်အားဂုဏ်ပြုကြိုဆိုပင့်ဆောင်

ရွှေတောင် မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဝါးလည်ကျေးရွာအုပ်စုရှိ ဘုရားသုံးဆူဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်ပိုင်းက နိုင်ငံတော်အစိုးရမှ ချီးမြှင့်ပူဇော်သည့်အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော် ပြည်မြို့ဓမ္မသိင်္ဂီမင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာစက္ကအရှင်သူမြတ်အား တပည့်ဒါယကာ၊ ဒါယိကာမများက ဂုဏ်ပြုကြိုဆိုပင့်ဆောင်ခဲ့ကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပင့်ဆောင်ခြင်း အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်မြို့ရှိ တပည့်ဒါယကာ၊ ဒါယိကာမများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပရိတ်သင်းအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စည်တော်အဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များ၊ ရွှေတောင်မြို့ရှိတပည့်ဒါယကာ၊ ဒါယိကာမများက ပြည်မြို့သို့ ကြိုဆိုပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)